စည်းမျဉ်းစည်းကမ်းများ

UWC ကျောင်းများနှင့် ကောလိပ်များအားလုံးသည် UWC အထွေထွေ အပြုအမူစည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးကြသည်။

ဤ တန်ဖိုးများနှင့် လမ်းညွှန်ချက်များသည် ကျွန်ုပ်တို့၏ကျောင်းသားအားလုံး ကျောင်းဝင်းတွင် အန္တရာယ်ကင်းရှင်းပြီး ပြည့်စုံသော၊ ယဉ်ကျေးမှုဖလှယ်နိုင်သော အတွေ့အကြုံတစ်ရပ်ကို ပိုင်ဆိုင်ခွင့်ရှိသည်ဟု အသိအမှတ်ပြုသည်။

UWC ၏ အထွေထွေ စည်းမျဉ်းစည်းကမ်းများ

UWC ၏ရည်မှန်းချက်ဖြစ်သော “ပညာရေးကို လူသားများ၊ နိုင်ငံများနှင့် ယဉ်ကျေးမှုများ၏ ငြိမ်းချမ်းသောအနာဂတ်အတွက် ပေါင်းစည်းရာ အင်အားတစ်ရပ်အဖြစ် ပြောင်းလဲရန်” ကိုလိုက်နာရန်အတွက် အောက်ပါတန်ဖိုးများအပေါ် တစ်စိတ်တစ်ပိုင်းအဖြစ် မျှတသောကတိတစ်ခုရှိရပါသည်။ ၎င်းတို့မှာ—
အပြည်ပြည်ဆိုင်ရာနှင့် ယဉ်ကျေးမှုများအထဲမှ နားလည်မှု၊ ကွဲပြားမှုကို ဝမ်းမြောက်ခြင်း၊ ကိုယ်ပိုင်တာဝန်ယူမှုနှင့် ရိုးသားမှု၊ အပြန်အလှန် တာဝန်ယူမှုနှင့်လေးစားမှု၊ သနားညှာတာမှုနှင့် အများအကျိုးဆောင်ရွက်လိုမှု၊ သဘာဝပတ်ဝန်းကျင်အပေါ်လေးစားမှု၊ စိတ်ကူးစိိတ်သန်းကောင်းမှု၊ ကိုယ်တိုင်စိန်ခေါ်မှုကို လက်ခံနိုင်မှု၊ ဥပမာကောင်းဖြစ်ခြင်းတို့ဖြစ်သည်။

UWC သဘောထား၏ အဓိကအချက်မှာ မိမိကိုယ်ကိုနှင့် အခြားသူများကို မည်သည့်အချိန်အခါတွင်မဆို လုပ်ဆောင်မှုများနှင့်ဖြစ်စေ စကားများအနေနဲ့လည်း ဖြစ်စေ လေးစားမှုထားရှိခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ လူထုအကျိုးကျိုးစီးပွားကိုစဉ်းစားနိုင်ပြီး၊ ကိုယ်ပိုင်ဆန္ဒများနှင့် လိုအပ်ချက်များထက် ကျော်လွန်နိုင်ဖို့ဖြစ်သည်။ ၎င်းက စုံလင်စွာ ပေါင်းစည်းထားသော အသိုင်းအဝိုင်းတစ်ခုဖန်တီးနိုင်ဖို့အတွက် လိုအပ်ပါသည်။ တိုတောင်းစွာပြောရရင်၊ UWC အသိုင်းအဝိုင်း၏ အဖွဲ့ဝင်အားလုံးထံမှ သဘောထားကောင်းမှု၊ နှလုံးသားကောင်းမှုများနှင့် ယဉ်ကျေးမှုစံနှုန်းများကွဲပြားကြောင်းကို နားလည်မှုတစ်ရပ်လိုအပ်ပါသည်။

ကျင့်ဝတ်စည်းကမ်းများကို သေချာစွာ ပြသရန်အတွက် တိကျစွာပြဌာန်းသတ်မှတ်ထားခြင်းလိုအပ်ပါသည်။ UWC ကျောင်း သို့မဟုတ် ကောလိပ်တစ်ခုတွင် တက်ရောက်ရန် ရွေးချယ်ခံရသော ကျောင်းသားများသည် မိမိနှင့် အခြားသူများအား ထိခိုက်နစ်နာစေနိုင်သောအရာများမှ ဝေးကွာပြီး ကျန်းမာသော ဘဝနေထိုင်မှုတစ်ခုကို လိုက်လျောညီထွေ ရှာဖွေရန် ကတိပေးထားကြသည်။ ထို့ကြောင့် အောက်ပါအရာများသည် ခြွင်းချက်မရှိ ခွင့်မပြုပါ။

UWC ကျောင်း နှင့် ကောလိပ်တိုင်းတွင် ရှင်းလင်းပြတ်သားသော မျှော်မှန်းချက်များ ရှိကြမည်။ ၎င်းတို့မှာ –

UWC ကျောင်းများနှင့် ကောလိပ်များသည် ၎င်းတို့တည်ရှိရာနိုင်ငံ၏ ဥပဒေများ၊ ယဉ်ကျေးမှုစံနှုန်းများနှင့် အခြေအနေများကို ထင်ဟပ်စေသော အဆိုပါကိစ္စရပ်များအတွက် နောက်ထပ်စံနှုန်းများ ရှိနိုင်ပါသည်။ အဓိကမျှော်မှန်းချက်မှာ UWC ၏ ဘုံကျင့်ထုံးကို လုပ်ဆောင်ချက်၊ စိတ်ဓာတ်ဖြင့် လိုက်နာဆောင်ရွက်ရမည်ဟု မျှော်လင့်ပါသည်။ ကုဒ်ကိုချိုးဖောက်သူများသည် ၎င်းတို့၏ UWC ကျောင်း သို့မဟုတ် ကောလိပ်တွင် ဆက်လက်နေထိုင်ခွင့်ဆုံးရှုံးနိုင်သည်။

Secret Link