ဘော်ဒါကျောင်းသားတစ်ဦးအနေဖြင့် UWC ကျောင်းအများစုတွင် မတူညီသောနိုင်ငံများနှင့် နောက်ခံများမှ အခြားကျောင်းသားတစ်ဦးမှ လေးဦးအထိ အခန်းတစ်ခန်းကို မျှဝေနေထိုင်ရမည်ဖြစ်သည်။ သင့်အခန်းသည် အများအားဖြင့် ပိုမိုကြီးမားသောနေအိမ် သို့မဟုတ် ဘော်ဒါဆောင်တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျောင်းဝင်းအတွင်းနေထိုင်သော ဆရာများနှင့် ဝန်ထမ်းအဖွဲ့ဝင်များ၊ အတန်းဖော်များနှင့် မျှဝေနေထိုင်ရပါမည်။ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး ဒုတိယမိသားစုအဖြစ် ဖန်တီးကြမယ်။ ဤအသိုင်းအဝိုင်း၏ အဖွဲ့ဝင်များအားလုံး – ကျောင်းသားများနှင့် လူကြီးများသည် UWC သို့ မရောက်မီတွင် မတူညီသော အတွေ့အကြုံမျိုးစုံကို ရရှိခဲ့ကြပြီး အချင်းချင်းထံမှ သင်ယူစရာများစွာ ရှိသည်။
UWC တစ်ခုချင်းစီတွင် ပတ်ဝန်းကျင်များမှာ ထူးခြားကြသော်လည်း၊ စာသင်ခန်းများနှင့် နေအိမ်များအပြင် တစ်ချိန်တည်းမှာ ပုံစံတူသော အဆောက်အအုံများကို တွေ့မြင်ရမည်ဖြစ်သည်။ ၎င်းတို့တွင် စားသောက်ခန်း၊ ထမင်းစားဆောင်, စာကြည့်တိုက်၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ အားကစားကွင်းများ၊ လူမှုဆက်ဆံရေး မိတ်ဖွဲ့ရန်နေရာများနှင့် အခြား အဆောက်အအုံများ ပါဝင်သည်။ ၎င်းတို့၏ ပုံစံသည် ကျောင်းနှင့် နေရာအလိုက် ကွဲပြားနိုင်ပြီး၊ တချို့ကျောင်းများတွင် အားကစားရုံများနှင့် ရေကူးကန်များ ပါဝင်သည့်အပြင် တချို့တွင် တေးဂီတအထူးပြု အဆောက်အအုံများ ပါရှိသည့် နေရာများလည်း ရှိသည်။
ကျောင်းပတ်ဝန်းကျင်များသည်လည်း ကွဲပြားမှုရှိပါသည်။ တချို့ကျောင်းများမှာ အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်ရှိ တောင်တန်းများ သို့မဟုတ် နော်ဝေးနိုင်ငံရှိ fjords ကဲ့သို့ သဘာဝပတ်ဝန်းကျင်အလယ်တွင် တည်ရှိကြသည်။ အခြားကျောင်းများမှာ ဒေသခံမြို့နယ်များနှင့် ကျေးရွာများအတွင်း တွေ့မြင်ရပြီး၊ စာသင်ခန်းများနှင့် နေအိမ်များကို ဘိုစ်နီးယားဟာဇီဂိုဗီနားနိုင်ငံ မိုစတာမြို့နှင့် အီတလီနိုင်ငံ ဒုအီနိုမြို့များတွင်လည်း တွေ့နိုင်သည်။
ကျောင်းဝင်းတွင်းနေရာများ၊ အိပ်ခန်းများမှ စ၍ စားသောက်ခန်းများထိ လူမျိုးမတူ၊ နောက်ခံမတူသော လူစုလူဝေးများနှင့် နေထိုင်ရခြင်းသည် အချိန်တိုင်း မလွယ်ကူနိုင်ပါ။ မတူညီမှုများ ဖြစ်ပေါ်လာနိုင်ပြီး တခါတလေ အပြင်းအထန် ဖြစ်တတ်ပါသည်။ ထိုအခါတိုင်းတွင် သင်သည် ကွဲပြားမှုများကို ရင်ဆိုင်နိုင်ရန် သင်ယူရမည်ဖြစ်ပြီး၊ မပြောမဆိုဖူး တွေ့ဖူးမှုမရှိခဲ့သူများနှင့် အတူနေထိုင်ခြင်းတွင် လိုအပ်သော ဘဝကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေရန် လေ့လာနိုင်ပါသည်။ ၎င်းသည် သင်၏ အမြင်များကို ကျယ်ပြန့်စေကာ၊ မတူညီသော နိုင်ငံရေးအမြင်များမှ စ၍ အခန်းတွင်းတွင် ဖိနပ်စီးရမရ၊ သို့မဟုတ် မည်သည့်အမျိုးအစား ဂီတကို နားဆင်မည်ဆိုသည်တို့အပေါ် မတူညီသော အမြင်များအပေါ် လျှော့ချညှိနှိုင်းလိုစိတ်ကိုလည်း တိုးမြှင့်ပေးနိုင်ပါသည်။
ဒီအတွေ့အကြုံမှတဆင့် နိုင်ငံများ၊ ယဉ်ကျေးမှုများ နှင့် လူမှုအုပ်စုများကြား ရှိသည့် ခြားနားချက်များကို ကျော်လွန်မြင်နိုင်စွမ်းအပြင် ရှေ့ဆက်ဘဝအတွက် မိတ်ဆွေများကိုလည်း ဖန်တီးနိုင်ပါသည်။ ထို့အပြင် မိမိကိုယ်တိုင်နှင့် အတူတူ အတန်းဖော်များ၏ ကိုယ်ပိုင်အထင်အမြင်များအကြား ကွာခြားချက်များကို ရှာဖွေရင်း ပိုမိုနက်နဲစွာ သဘောပေါက်သိရှိနိုင်ခြင်းအခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။