ကောင်းမွန်သည့် ပညာရေးသည် လူ၏ဘဝများကို ပြောင်းလဲစေနိုင်သည်၊ သို့သော် လူအများအပြားသည် ယခုထိ မခံစားနိုင်သေးပါ။
ထို့ကြောင့် UWC သည် လုပ်ဆောင်စရာရှိသည်များကို ကွဲပြားစွာ လုပ်ဆောင်သည်။ အရည်အသွေးရှိသော ပညာရေးကို ချမ်းသာကြွယ်ဝသူများ သို့မဟုတ် အဆက်အစပ်ရှိသူများအတွက်သာ သီးသန့်ထားသင့်သည်ဟု ကျွန်ုပ်တို့လက်မခံပါ။ ကမ္ဘာကြီးကို ပြောင်းလဲဖို့ စိတ်အားခထက်သန်မှုနဲ့ ကရုဏာရှိသူတွေဟာ တောက်ပဖို့ အခွင့်အရေးပေးသင့်တယ်လို့ ယုံကြည်ပါတယ်။
ဒါဆို ရွေးချယ်မှု လုပ်ငန်းစဉ်ကို ဘာကြောင့် ဖော်ဆောင်ရတာလဲ?
UWC ပညာရေးသည် မည်သူမဆို အခွင့်အလမ်းရှိသော်လည်း၊ ကျွန်တော်တို့၏ သင်ရိုးကိုယ်ပိုင် အစီအစဉ်သည် ခက်ခဲပြီး စိန်ခေါ်မှုများများပါဝင်သည့်အတွက်၊ အားလုံးအတွက် သင့်တော်သည်မဟုတ်ပါ။ ၎င်းသည် ကြိုးပမ်းအားထုတ်မှု အလွန်များစွာ လိုအပ်ပါသည်။
ကျောင်းသားတိုင်းကို တစ်ဦးချင်းစီလိုအပ်တဲ့အာရုံစိုက်မှုရစေရန်အတွက် ကျောင်းသားအရေအတွက်ကန့်သတ်ထားပြီး၊ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသားအနည်းငယ်သာပါဝင်သည်။ ဤသည်က ကျောင်းသားများအချင်းချင်း သင်ယူဖလှယ်နိုင်သော အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။
UWC ပညာရေးကိုလက်ခံရသူများသည် ၎င်းကို ပြီးမြောက်အောင်ဆောင်ရွက်သည့် စိတ်အားထက်သန်မှုနှင့်ကတိကဝတ်ရှိရုံသာမက၊ ထိုပညာရေးကို အသုံးချ၍ ကမ္ဘာ့အခြေအနေများကို ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နိုင်ရန် အတွေးအမြင်နှင့် စိတ်ကူးရှိကြရန် ကျွန်ုပ်တို့လိုချင်သည်။
ကျောင်းသားတွေကို ဘယ်လိုရွေးချယ်မလဲ။
UWC တိုင်းရင်းသားကော်မတီတိုင်းတွင် ကိုယ်ပိုင် အဆုံးသတ်နေ့စွဲများရှိပြီး၊ မိမိ၏ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ပြန်လည်ထင်ဟပ်အောင် ရွေးချယ်မှု လုပ်ငန်းစဉ်ကို ချိန်ညှိဆောင်ရွက်ပါသည်။ သို့သော်၊ ကျောင်းသားများကို ရွေးချယ်ရာတွင် တူညီသော အခြေခံစံချိန် ၆ ချက်ကို အသုံးပြုပါသည်။
- စူးစမ်းလေ့လာလိုစိတ် – သင်သည် မိမိပတ်ဝန်းကျင်ကမ္ဘာကို သင်ခန်းစာအတွင်းမှာပဲဖြစ်စေ၊ အပြင်မှာပဲဖြစ်စေ သင်ယူလိုစိတ်ဖြင့်အမြဲစူးစမ်းလေ့လာသည်။ သင်စိတ်ဝင်စားနေသော ပညာရေးနယ်ပယ်တစ်ခုခုရှိပြီး ထပ်မံစူးစမ်းလိုစိတ်ရှိသည်။ သင်သည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာပြဿနာများကို သဘောပေါက်နိုင်ပြီး ၎င်းတို့အား ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်သည်။
- မိမိ၏တန်ဖိုးနှင့် UWC ၏တန်ဖိုးများအပေါ် သစ္စာရှိခြင်း – သင်သည် UWC ၏တန်ဖိုးများကို မျှဝေသူဖြစ်ပြီး၊ UWC ၏ကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာမည်ဆိုသောကတိကဝတ်ထားသည်။ သင်သည် ရိုးသားမှုရှိကာ ညှိနှိုင်းတတ်သူဖြစ်ပြီး၊ တစ်ဖက်သူ၏အမြင်များကို နားထောင်နိုင်မှု၊ တန်ဖိုးထားနိုင်မှုရှိသည်။ အခြားသူများသည် မိမိနှင့် သဘောတူညီမှုမရှိနိုင်ပေမဲ့၊ သူတို့၏အမြင်တွင်လည်း မှန်ကန်မှုတစ်စိတ်တစ်ပိုင်းရှိနိုင်ကြောင်း သဘောပေါက်သည်။ သင်သည် မိမိ၏နေ့စဉ်ဘဝ၌ UWC ၏တန်ဖိုးများကိုမြှင့်တင်လိုက်နာပြီး အသက်တာကိုဖြတ်သန်းနေသည်။
- လူမှုပေါင်းသင်းဆက်ဆံမှုစွမ်းရည် – သင်သည် တခြားသူများနှင့်လေးစားစွာ ဆက်ဆံနိုင်ပြီး၊ သူများ၏အမြင်များနှင့်နောက်ခံအတွေ့အကြုံများကို နားလည်ကာ တန်ဖိုးထားနိုင်သူဖြစ်သည်။ ပြဿနာများကို ဖြေရှင်းရာတွင် အဖွဲ့လိုက်အလုပ်လုပ်နိုင်စွမ်း ရှိသည်။ မတူညီသောအခြေအနေများနှင့် လူအမျိုးမျိုးအပေါ်တွင် သင်၏စကားကို သင့်တင့်စွာဖော်ပြနိုင်သည်။
- ခံနိုင်ရည်ရှိမှု၊ မိမိကိုယ်မိမိ သိရှိနားလည်မှုနှင့် အမှီအခိုကင်းမှု – စိန်ခေါ်မှုအခြေအနေများတွင် ဥပမာအားဖြင့် ဘော်ဒါဆောင်ကျောင်းပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်နိုင်သည်။ သင့်တွင် ကောင်းမွန်သော ရင်ဆိုင်ဖြေရှင်းနည်းဗျူဟာများကို မွေးမြူထားပြီး၊ သင်သည် အလွယ်တကူ စိတ်ဖိစီးတတ်သူမဟုတ်သော်လည်း သင်ကိုယ်တိုင်ရော အခြားသူများအတွက်ပါ အကူအညီတောင်းရမည့်အချိန်ကိုလည်း သင်သိပါသည်။
- ကိုယ်ပိုင်တာဝန်ယူတတ်မှုနှင့် ရိုးသားပွင့်လင်းမှု – သင်သည် မိမိ၏တန်ဖိုးများကို ဖော်ပြနိုင်ပြီး ၊ အခြားသူများ၏တန်ဖိုးများနှင့် နှိုင်းယှဉ်ဆန်းစစ်နိုင်သည်။ မိသားစုနှင့် အသိုင်းအဝိုင်းအတွင်း သင်ပြုသည့် အပြုအမူများသည် သင့်တန်ဖိုးများနှင့် ယုံကြည်ချက်များကို ထင်ဟပ်စေသည်။ သင့်လိုအပ်ချက်များကို ထိထိရောက်ရောက် ဆက်သွယ်နိုင်ပြီး၊ အခြားသူများ၏လိုအပ်ချက်များကိုလည်း စောင့်ကြည့်တတ်ပြီး၊ အသိုင်းအဝိုင်းအတွက် တာဝန်ယူမှုကို ပြသနိုင်သည်။
- ပညာရေးအတွက် ခိုင်မာမှုရှိခြင်း – သင်သည် International Baccalaureate Diploma Programme သို့မဟုတ် International Baccalaureate Career-related Programme တို့၏တင်းကျပ်တဲ့သင်ကြားမှုအခက်အခဲများကို ရင်ဆိုင်နိုင်သည့် စွမ်းရည်ရှိသည်။
ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်သောကမ္ဘာသို့ ပံ့ပိုးကူညီလိုသော ကျောင်းသားများကို ၎င်းတို့၏နောက်ခံ မည်သို့ပင်ဖြစ်စေကာမူ ရှာဖွေနေပါသည်။
ယခုလျှောက်ပါ!